ရေတာရှည်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ပဲခူး Medical Team အဖွဲ(၄)ဖွဲ့မှ စုပေါင်းကွင်းဆင်းဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေများလျှံတက်၍ လူနေအိမ်မျာအတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

ရေတာရှည်မြို့နယ်ရှိ ဥယျာဉ်ရေဘေးကယ်ဆယ်ရေးစခန်း၊ ထောက်ကြန့်ကွင်းဘုန်းကြီးကျောင်း ရေဘေးစခန်း၊ ဆွာ SHU စက်ရုံကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်း၊ မြို့လှမြို့ ဆတ်သေဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို Psychiatrist Dr Kyaw Soe Hlaing ဦးဆောင်သော ပဲခူး Medical Team အဖွဲ(၄)ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကယ်ဆယ်ရေးစခန်းရှိ အိမ်သာများအား သန့်ရှင်းပေးခြင်း၊ ရေတွင်းရေကန်များသို့ အဘိတ်ဆေးခပ်ပေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကို ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)