ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ဖြန့်ဝေပေး

တောင်ငူ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ရုံးမှကြီးကြပ်၍ ဒေသအသီးသီးမှ ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများက လာရောက်လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစား၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများကို ယမန်နေ့နံနက်ပိုင်းက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် ဆန်အိတ် (၇၉)အိတ်၊ ဆီ (၆၈.၅)ပိဿာ၊ ထမင်းထုပ် (၂၇၅၉)ထုပ်၊ ခေါက်ဆွဲခြောက် (၆၀၄၁)ထုပ်၊ ခေါင်းစွပ်ဓာတ်မီး (၁၅)ခု၊ ဓာတ်ခဲ (၄၅)ခု၊ ရေသန့်ဗူးကြီး (၅၃၃၁)၊ အဝတ်အစားမျိုးစုံအိတ် (၄၁)အိတ်၊ ဆေးမျိုးစုံ (ဆာလာအိတ်) (၁)အိတ်၊ ဖယောင်းတိုင်ထုပ် (၆၈)ထုပ်၊ မီးခြစ်လုံး (၆၁)လုံး၊ ဓာတ်ဆားထုပ် (၁၀၀)ထုပ်၊ ဝမ်းပိတ်ဆေးကဒ် (၂၀)ကဒ်၊ ပါရာစီတမောကဒ် (၉၀)ကဒ်၊ EVA (ပါကင်) (၂)ခုနှင့် ဂလူးကို့စ် (၁)ထုပ်တို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)