ဖြူး စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကြက်ပေါင်ချောင်းကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း ချေးငွေ နဝမအကြိမ် အသင်းသား(၇၈)ဦးအတွက် ချေးငွေသိန်း(၄၂၀)ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာများအလိုက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့် ကျေးရွာ မြစိမ်းရောင်စီမံကိန်းအသင်းသားများက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက်မြစိမ်းရောင်စီမံကိန်း နဝမအကြိမ်ချေးငွေပေးအပ်ရာ စိုက်ပျိုးရေးလုပ်ငန်း အသင်းသား (၄၀)ဦး၊ မွေးမြူရေးလုပ်ငန်းအသင်းသား(၃၈)ဦး၊ စုစုပေါင်းအသင်းသား(၄၈)ဦး အတွက် ချေးငွေ သိန်း (၄၂၀)ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)