ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၁၉    

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ()ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ 

ရှေးဦးစွာ  အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲအဖြစ် ပဲခူးခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအဖြစ် နတ်တလင်းခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားခဲ့ပေးခဲ့ကြသည်။ 

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီးကြက်တောင်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ပဲခူးခရိုင်အသင်းမှ မကြယ်စင်လင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် ()သိန်းကို ဥပဒေချုပ် ဦးခင်မောင်တင့်ကလည်းကောင်း၊ တတိယဆုရရှိသော ပြည်ခရိုင်အသင်းမှ မမေမိုးခန့်အား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်()သိန်း၊ ဒုတိယဆုရရှိသော သာယာဝတီခရိုင်အသင်းမှ မလဝန်းမိုမိုအား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်()သိန်းကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်ကလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းမှ မလင်းသီရိဟန်အား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်()သိန်း၊ အမျိုးသားကြက်တောင်ပြိုင်ပွဲ ပူးတွဲတတိယဆုရရှိသော သာယာဝတီခရိုင်အသင်းမှ မောင်သက်ထူးလွင်တို့အား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်()သိန်းကို လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ကလည်းကောင်း၊ တတိယဆုရရှိသော တောင်ငူခရိုင်အသင်းမှ မောင်ညီဇေယျအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်()သိန်း၊ ဒုတိယဆုရရှိသော နတ်တလင်းခရိုင်အသင်းမှ မောင်ကောင်းခန့်ကိုအား ဆုတံဆိပ်နှင့်ငွေသားဆုကျပ် ()သိန်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေကလည်းကောင်း အသီးသီးဆုများပေးအပ် ချီးမြှင့်ကြသည်။   

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းမှ မောင်အောင်ကောင်းမြတ်အား ဆုတံဆိပ်နှင့်ငွေသား ဆုကျပ်()သိန်း၊ အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဖလားရရှိသော သာယာဝတီခရိုင်အသင်းအား ငွေသားဆုကျပ်()သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့အာ းပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ကြက်တောင်အဖွဲ့ချုပ်မှဒိုင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။        

အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ()ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲအား စက်တင်ဘာလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်()ခရိုင်မှ ခရိုင်ကိုယ်စားပြု အမျိုးသားအသင်း()သင်း၊ အမျိုးသမီးအသင်း()သင်း စုစုပေါင်း(၁၂)သင်း၊ အားကစားသမား(၆၀)ဦး ပါဝင်ယှဉ်ပြိုင် ကစားကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)