ဟိုင်းကြီးကျွန်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက် (၈)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ရောင်းချရာတွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများသည် ရပ်ကွက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၂၅)ပြည်၊ ဆီ(၁)ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၃၀၀)ကျပ်နှုန်းဖြင့် (၂၀၀)လုံး၊ အမဲသား (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်နှုန်းဖြင့် (၅)ပိဿာတို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး ရပ်ကွက်နေပြည်သူများမှလည်း ကုန်စျေးနှုန်းမြင့်မားမှုကြောင့် စာဝတ်နေရေးခက်ခဲနေသည့်ကာလတွင် ယခုလိုတစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိအောင် လာရောက်ရောင်းချပေးသည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)