ပန်းတောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ အမှတ်(၉) ကာကွယ်ရေးပစ္စည်းစက်ရုံမှူး ဗိုလ်မှူးကြီးတင်မောင်ချို၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြများ၊ သင်တန်းသား/သူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အဆင့်သင်တန်းနည်းပြဆရာမ(၉)ဦးတို့မှ တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်မှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်၊ အမှတ်(၉) ကာကွယ်ရေးပစ္စည်းစက်ရုံမှူး ဗိုလ်မှူးကြီးတင်မောင်ချို၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သူရ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများအား သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ခန်းမနှင့် အ.ထ.က(ပန်းတောင်း)ကျောင်းခန်းမတို့၌ စာရင်းကောက်/စာရင်းစစ် သင်တန်းသား/သူ(၁၇၄)ဦးအား သင်တန်းနည်းပြ(၉)ဦးတို့မှ အောက်တိုဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ(၂၈)ရက်နေ့ထိ (၁၀)ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လပြည့်လင်း(ပြန်/ဆက်)