ထန်းတပင်(ပဲခူး)စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ယာယီရေဘေးရှောင်ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီက အဝတ်အထည်နှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏စီစဥ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များက ယာယီရေဘေးရှောင်ပြည်သူများအား အလှူရှင်များမှ လှူဒါန်းထားသည့် အဝတ်အထည်နှင့်ရေသန့်ဘူးများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)