ကျွန်းလှ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် အာစီယံသပြေပန်း စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
“ အာစီယံသပြေ အပင် (၃၀၀) ကျော်စိုက်ပျိုးထားတာ (၇) နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ မြို့တွင်းရောင်းချကြတဲ့ ပန်းသည်တွေက ခြံထိလာရောက်ဝယ်ယူကြပါတယ်။ မိုးရာသီမှာ သပြေပန်းတွေလှပပြီး အထွက်လည်းကောင်းပါတယ်။ အခုအခါ ပန်းသုံးခက်ကို ငွေကျပ် ၅၀၀ နဲ့ ရောင်းရတဲ့အတွက် တစ်ရက်မိသားစုဝင်ငွေကျပ် ၁၅၀၀၀ ကျော်ရရှိပါတယ်” ဟု အာစီယံသပြေပန်း စိုက်ပျိုးသူတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် အာစီယံသပြေပန်းကို နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုးကြကြောင်း၊ နွေ၊ မိုး၊ ဆောင်းရေတင်စိုက်ပျိုးကြကြောင်း၊ မိုးရာသီ၌ အထွက်နှုန်းကောင်းပြီး ရောင်းအား ပိုမိုကောင်းမွန်ကြောင်း ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)