ငဖဲမြို့နယ်ရုံး ရှေ့မြေစိုက်ဘုတ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ငဖဲ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မိဘပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် သန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရာများ၊ သန်းခေါင်စာရင်းကောက်ယူသည့်ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများနှင့် သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊  ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ ပြည်သူများက စာရင်းကောက်မှ မေးမြန်းသောမေးခွန်းများကို မှန်ကန်ပြည့်စုံစွာ ဖြေဆိုရန်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအ‌နေဖြင့် ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး အသိပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍ လစဉ်ပုံမှန် လဲလှယ်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)