ရေတာရှည်ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်

ရေတာရှည် စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့သည်။

တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဒေါ်ခင်စန်းလှိုင်၊ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးငြိမ်းစံ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်မေနှင်းတို့ပူးပေါင်း၍ ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူ (၆၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)