ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသားလူငယ်များ  ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ  စက်တင်ဘာ  ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့် ကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြည်သူ့စာကြည့်တိုက်၌ ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသားလူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စိတ်ကြိုက် ပန်းချီရေးဆွဲပြိုင်ပွဲ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့  ဆောင်ရွက်ပေးခဲ့သည်

ပြည်သူ့စာကြည့်တိုက်တွင် ပြိုင်ပွဲများဆေင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီးတစ်ဦးနှင့်တစ်ဦး ကောင်း‌သောယှဉ်ပြိုင်မှုဖြင့် ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်း  လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း၊ ပြိုင်ပွဲများကို စဉ်‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

နော်ခူး(ပြန်/ဆက်)