လိပ်သိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို  စက်တင်ဘာ  ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် မန်နေ့မွန်းလွဲ နာရီက ကျောင်း သားကျောင်းသူများနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော ရည်မှန်းချက်ရှိရမယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ခြင်းသည် မိမိဘဝတိုးတက်မြင့်မားရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် အတွေးအခေါ်အယူအဆနှင့် လုပ်ရည်ကိုင်ရည် ပိုမိုကြီးပွားလာအောင် လုပ်ဆောင်ပေးနိုင်ကြောင်း စသည့်စာဖတ်ခြင်း အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Grade-5 ကျောင်းသူ နော်သဇင်နွယ်က ခေတ်မီရမယ်သမီးရယ်ခေါင်းစဉ်မှလောကကောင်းကျိုးကို သယ်ပိုးရန်၊ အမိအဘ၊ဆွေမျိုး၊ လူမျိုးတို့၏ အကျိူးကို သယ်ပိုးဆောင်ရွက်ရန်၊ မိမိကိုယ်ကို အရည်အသွေး မြင့်မားအောင် မြှင့်တင်ပျိုးထောင်ရန်ဟူ၍ လူဖြစ်ရခြင်းရည်ရွယ်ချက်()ရပ်ရှိကြောင်း၊ ပရအကျိုးကို ဖြူစင်အောင် ဆောင်ရွက်နိုင်ဖို့ရန် ပထမဖြစ်ကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသားကျောင်းသူများက မိမိတို့၏အတွေးအမြင်၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် စာအုပ်စာစောင်ပြပွဲတွင်  ခင်းကျင်းပြသထားသော ဂျာနယ်၊ ကဗျာ၊ ပုံပြင်၊ ဆောင်းပါးနှင့် ရုပ်ပြများ စသည့် သုတ၊ ရသစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်

စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော ရည်မှန်းချက်ရှိရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် မိမိဘဝကောင်းစွာ တည်ဆောက်နေသူ ကျောင်းသားလူငယ်များအတွက် အားဆေးတစ်ခွက်သဖွယ် အထောက်အကူဖြစ်စေကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)