ကော့သောင်း စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းအား ကော့သောင်းမြို့တွင် စက်တင် ဘာ(၁၇) ရက်နေ့မှ (၂၈)ရက်နေ့ထိ (၁၂)ရက်တာ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက် မေးခွန်းများစသည့် ဘာသာရပ်များကို ခရိုင်အဆင့်နည်းပြဆရာမများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာတွေ့သင်ကြားခြင်းနှင့် ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားဆောင်ရွက်ပေးလျက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကော့သောင်းမြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်းခေါင် စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)