မြို့သစ်မြို့နယ် ပုလင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

မြို့သစ် စက်တင်ဘာ ၁၉   

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ငါးရိက္ခာဖူလုံမှုရှိစေရေး၊ ငါးသ‌ယံဇာတပေါများကြွယ်ဝစေရေး၊ ဆည်၊ မြောင်း၊ အင်းအိုင်များအတွင်း ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့သစ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပုလင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ မြို့သစ်မြို့နယ် ပုလင်းကျေးရွာအနီးရှိ ပုလင်းချောင်းအတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ (၄၀၀၀၀)၊ နှစ်လက်မအရွယ် ထိုင်းငါးခုံးမကြီးအကောင်ရေ (၃၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၇၀၀၀၀) အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)