ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများ စဉ်ဆက်မပြတ်ဆောင်ရွက်

ကန်ကြီးထောင့် စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း မြို့နယ်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစို‌ပြည်ကာ သန့်ရှင်းသာယာလှပစေရေး၊ “Clean City”, “Green City ” ဖြစ်‌စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် လမ်းဘေးဝဲယာတစ်‌လျောက်အားလိုက်လံ၍ သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၁၇)ရက်နေ့က ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဒါးကကျေးရွာအုပ်စု၊ ပုသိမ်/ရန်ကုန် ကားလမ်းဘေးရှိ အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများနှင့် ကိုင်းပင်များအား ဓါးများဖြင့်လည်းကောင်း၊ ပေါက်တူးများဖြင့်လည်းကောင်း၊ မြက်ဖြတ်စက်များဖြင့်လည်းကောင်း ခုတ်ထွင်ရှင်လင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)