ဟင်္သာတမြို့နယ်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ စခန်းကြီးကျေးရွာ၊ မူလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၁:၀၀ က စခန်းကြီးကျေးရွာ၊ မူလွန်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင်ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့ပြီး စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှုးဦးမိုးကျော်က စာသုံးသူဆိုင်ရာအသိပညာပေးနှင့် ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါး အသိပညာပေး အ‌ကြောင်းအရာများနှင့် ကလေးအလုပ်သမားဆိုင်ရာ နံရံကပ်စာစောင်တို့ကိုပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာနေ ပြည်သူများ စာပေဖတ်ရှုမှု မြင့်မားလာစေရန်အတွက် စခန်းကြီးကျေးရွှာရှိ ပညာရှေ့ဆောင် အလင်းရောင်စာကြည့်တိုက်သို့ သွားရောက်ခဲ့ပြီး စာကြည့်တိုက်ကော်မတီများနှင့် ဆွေးနွေးကာ စာကြည့်တိုက် တိုးတက်ဖွံ့ဖြိုးရေးအတွက် စာအုပ်၊ စာစောင်များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)