ညောင်လေးပင် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ညောင်လေးပင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဇော်မင်းယုမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)မှ မြို့နယ်ပညာရေးမှူးထံသို့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့ပြီး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွင် သင်ကြားပို့ချမည့်နည်းပြအရာရှိများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို နည်းပြဆရာ/ဆရာမ(၉)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား/သင်တန်းသူ(၁၃၆)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ စက်တင်ဘာလ ၁၇ ရက်နေ့မှ (၂၈)ရက်နေ့အထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)