လိပ်သို စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသထွက် ထောပတ်သီးများ ဈေးကောင်းရလျက်ရှိသည်။
လိပ်သိုမြို့တွင် ထောပတ်သီးများမှာ စက်တင်ဘာလမှ ဇန်နဝါရီလအတွင်း ထွက်ရှိသည်။ ထောပတ်သီးတွင် အာဟာရဓာတ်ကြွယ်ဝပြီး ဆေးဖက်ဝင်အာနိသင်များစွာပါဝင်ပြီး ထောပတ်သီးကို သကြား၊ နို့ဆီများနှင့်ရော၍ ဖျော်ရည်အဖြစ်လည်း ပြုလုပ်စားသုံးနိုင်သည်။ လိပ်သိုဒေသထွက် ထောပတ်သီးတစ်လုံးလျှင် ကျပ် ၅၀ဝ မှ ကျပ် ၁၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း ထောပတ်ပင်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။
လိပ်သိုဒေသတွင် ထောပတ်ပင်များအပြင် ဒူးရင်း၊ မင်းကွတ်၊ သရက်၊ သံပရာ၊ ကျွဲကော စသည့် နှစ်ရှည်သီးနှံများလည်း ထွက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)