သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူနိုင်​ရေး သင်တန်းဖွင့်ပွဲကျင်းပ

သဲကုန်း စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးစောငြိမ်းသောင်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်ယူနိုင်​ရေး သင်တန်းတွင်ပါဝင်ဆောင်ရွက်ပေးသည့် ဆရာ/ဆရာမမျာအား ကြိုဆိုဂုဏ်ပြုပါကြောင်း မိတ်ဆက်စကားပြောကြားခဲ့ပြီး ဗဟိုသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၊ ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီတို့၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိရေးအလေးထားလိုက်နာဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးက သင်တန်းနည်းပြ ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၃၈)ဦးတို့အား သင်တန်းနည်းပြ(၈)ဦး​ဖြ​င့် စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်အထိ ၁၀ ရက်ကြာဖွင့်လှစ်၍ သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် အပြန်အလှန်ဆွေးနွေးခြင်း လုပ်ငန်းစဥ်များအားစနစ်တကျ လေ့ကျင့်သင်ကြား ပို့ချနေမှုများအား မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ​မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား ဝတ်စုံများနှင့် သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)