ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

ပေါက်ခေါင်း စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပေါက်ခေါင်းမြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဋ္ဌဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ရွှေသိန်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာအထောက်အကူပစ္စည်းများဖြစ်သည့် Mobile Tablet နှင့်ဆက်စပ်ပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာအကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာသဘောတရားများကို နည်းပြဆရာ၊ ဆရာမ(၁၀)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၁၅၀)ဦးတို့အား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၅၈)အုပ်စု၊ ကောက်ကွက်ပေါင်း ၃၉၆ ကွက်တို့၌ စာရင်းစစ်၊ စာရင်းကောက် ၁၅၁ ဦးတို့က Mobile Tablet များအသုံးပြု၍ စနစ်တကျစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)