ပန်ဆောင် စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ နောင်ယန်းအင်းထိန်သိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နောင်ယန်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့ရိုးရာနာယက ဦးဇင်းဝမ်ကအင်းနှင့်ပတ်သက်၍ အကြောင်းအရာများ အင်းရဲ့ဆိုးကျိုးများ လျှော့နည်းစေရန် ဆောင်ရန်ရှောင်ရန်များရိုးရာဥက္ကဋ္ဌ ဦးခဲချိန်တို့က နောင်ယန်းအင်း အစဉ်စိမ်းလန်းစိုပြည်ရေး၊ ရေရှည်တည်တံခိုင်မြဲစေရေး၊ ပလပ်စတစ်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများ စနှစ်တကျစွန့်ပစ်ရေး၊ အင်းတိမ်ကောမှုမရှိစေရေး၊ သမိုင်းဝင်ယဥ်ကျေးမှု အမွေအနှစ်ဖြစ်သည့် နောင်ယန်းအင်းနှင့် နောင်ဆိုင်အင်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစေရန် ပြည်သူလူထုအား အသိပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ပန်ဆောင်မြို့ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ဒေသခံပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)