မိုးညို စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုးညိုမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချစ်ကိုကိုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့မှ သင်တန်းသား/သူများအား လိုအပ်သောအထောက်အကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သူ ၁၆၄ ဦးတက်ရောက်ပြီး သင်တန်းနည်းပြ ၉ ဦးမှ သင်ကြားပို့ချလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)