မော်လိုက် စက်တင်ဘာလ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ ခရိုင်လဝကဦးစီးမှူး ဦးဝင်းကိုစိုးက သင်တန်းဖွင့်လှစ်ရခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NGO အဖွဲ့အစည်းများနှင့်သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၁၇.၉.၂၀၂၄)ရက်နေ့မှ (၂၇.၉.၂၀၂၄)ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ(၁၄)ဦးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထက် (ပြန်/ဆက်)