ချောင်းသာ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်များတွင် အသိပညာဗဟုသုတရရှိပြီး ပင်ကိုဥာဏ်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန Comunnity Center ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများကျင်းပရာတွင် အခြေခံပညာမူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ခြင်းဖြစ်ရာ အ.မ.က(၈)အခြေခံပညာ မူလတန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများသို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးက ကျောင်းသုံးစာရေးကိရိယာများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)