ရေတာရှည်ယာယီရေဘေးရှောင်စခန်း ဆတ်သွားဘုန်းတော်ကြီးကျောင်းတိုက်သို့ ရန်ကုန်ပုလဲမီးသတ်တပ်ဖွဲ့မှလာရောက်လှူဒါန်း

ရေတာရှည် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ဆတ်သွားဘုန်းတော်ကြီးကျောင်းတိုက်သို့ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်ပုလဲမီးသတ်တပ်ဖွဲ့မှ ရေဘေးသင့်ပြည်သူများအား လာရောက်လှူဒါန်းခဲ့သည်။

ရန်ကုန်ပုလဲမီးသတ်တပ်ဖွဲ့မှ ရေဘေးသင့်ပြည်သူများအား ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေ ၁၀ သိန်းကျပ်၊ ဂွန်းကတ် ၅ ထည်ပါအိတ် ၁ အိတ်၊ ယံယံခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ဂက်စ်မီးဖို ၁ လုံး၊ ဆီ ၁၀ ပိသာပုံး ၁ ပုံး၊ မုန့်မျိုးစုံပီနံအိတ် ၂ အိတ်၊ ခန့်မှန်းခြေသိန်း၂၀ ဖိုးအား လာရောက်လှူဒါန်းရာဆရာတော်ဥူးရေဝတမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)