ကျောင်းကုန်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့်လုပ်ငန်းများကို အမှားအယွင်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ပြောကြားခဲ့ပြီး၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း TV Sport ဖွင့်လှစ်ပြသပေးခဲ့သည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက စာရင်းစစ်/စာရင်းကောက် သင်တန်းသားခန့်အပ်လွှာ ပေးအပ်ခဲ့သည်။ ကျောင်းကုန်းမြို့ နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၇၀) အုပ်စုရှိပြီး၊ စာရင်းစစ်(၃၄)ဦး၊ စာရင်းကောက် (၁၃၀)ဦး၊ စုစုပေါင်း(၁၆၄)ဦးတို့ဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)