မြို့သစ်မြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

မြို့သစ် စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့်ပတ်သက်သည့်   အသိပညာဗဟုသုတရရှိစေရန်၊  ပန်းချီအနုပညာကို   ကောင်းမွန်စွာရေးဆွဲတတ်စေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ  မူလတန်း/အလယ်တန်းအဆင့် (Grade -5/6/7 )ကျောင်းသား ကျောင်းသူ(၂၅)ဦးက “ရာသီဉတုပြောင်းလဲမှုနှင့် သက်ရှိများအတွက် အိုဇုန်းလွှာက အကျိုးပြု” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)