တောင်ငူခရိုင်အတွင်းသို့ စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် လမ်း၊ တံတား၊ အိမ်၊ လျှပ်စစ်မီးတိုင်နှင့် အုတ်တံတိုင်းအချို့ပျက်စီး

တောင်ငူ စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းသို့ စစ်တောင်းမြစ်ရေဝင်ရောက်ခဲ့မှုကြောင့် လမ်း၊ တံတား၊ အိမ်၊ လျှပ်စစ်မီးတိုင်နှင့် အုတ်တံတိုင်းအချို့ ပျက်စီးခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်တွင် နေအိမ် (၃၅) လုံးခန့် ရေထဲမျောပါခဲ့ပြီး စာသင်ကျောင်း (၅၅) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၃၀)ကျောင်း မြစ်ရေဝင်ရောက်ခဲ့ကာ လျှပ်စစ်မီးတိုင် () ခု ပျက်စီးခဲ့သည်။

တောင်ငူမြို့နယ်တွင် စာသင်ကျောင်း (၅၂) ကျောင်းနှင့် ဘုန်းတော်ကြီး (၂၉) ကျောင်း မြစ်ရေဝင်ရောက်ခဲ့ကာ လမ်း(၅)ခု၊ တံတားငယ်()ခု၊ လျှပ်စစ်မီးတိုင် (၁၅) ခု၊ အုတ်တံတိုင်း () ခု ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့ပြင် အမှတ် (၂၀) ရပ်ကွက်၊ အေဒင်ကြက်သားပေါက်လုပ်ငန်းရှိ ကြက်စာအစာစပ်သိုလှောင်ရုံ မြစ်ရေဝင်ရောက်ခဲ့မှုကြောင့် ပဲဖတ်၊ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ငါးခြောက်မှုန့် ခန့်မှန်းတန်ဖိုးကျပ်သိန်း (၃၀၀) ခန့် ရေနစ်မြုပ်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်တွင် စာသင်ကျောင်း (၃၄) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း () ကျောင်း မြစ်ရေဝင်ရောက်ခဲ့ကာ လူနေအိမ် ()လုံး ရေထဲမျောပါခဲ့ပြီး တံတားငယ် () ခု၊ အုတ်တံတိုင်း () ခု ပျက်စီးခဲ့သည်။ အုတ်တွင်းမြို့နယ်တွင် စာသင်ကျောင်း (၂၇) ကျောင်း မြစ်ရေဝင်ရောက်ခဲ့ကာ လမ်း () လမ်း ပျက်စီးခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)