ကော့ကရိတ်မြို့တွင် အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲပြုလုပ် 

ကော့ကရိတ် စက်တင်ဘာ ၁၇

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကော့ကရိတ်မြို့ အမှတ်(၂၃၁) ခြေလျင် တပ်ရင်း၌ ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူး ဗိုလ်မှူးကြီးနေဝန်းမှ မိမိရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိနိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် နည်းလမ်းများကို အလေးထားဆောင်ရွက်နိုင်ရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၁) စစ်နယ်မြေမှူး ဟိန်းထက်ဇော်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား (၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)