လှိုင်းဘွဲ နိုဝင်ဘာ ၂၃
လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ထီလုံကျေးရွာအုပ်စု ထီလုံကျေးရွာ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့ရာ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင်သစ်မှာ လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၃၅,၀၀၀,၀၀၀) ကျပ်ဖြင့် (အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ) အကောင်ထည်ဖော် ဆောင်ရွက်ပြီး လက်ထောက်နည်းပညာမှူး နန်းဆုမြတ်မေသွယ်၊ လူထုစည်းရုံးရေးမှူး နန်းခင်ဝေတင်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် အပြီးသတ် ဆောက်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ကျောင်းဆောင်သစ်ပြီးစီးသွားပါက ထီလုံကျေးရွာမှ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကလေး (၁၆၃) ဦးတို့အတွက် လုံခြုံစိတ်ချစွာဖြင့် စနစ်တကျ ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)