ကလေးမြို့တွင် မြစ်သာ‌မြစ်ရေများ ဆက်လက်ကျဆင်း

ကလေး စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်း၌ မိုးများသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် မြစ်သာမြစ်နှင့်ချင်းတွင်းမြစ်တို့တွင် မြစ်ရေများမြင့်တက်လျက်ရှိရာ ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ဆက်လက်ကျဆင်းလျက်ရှိကြောင်း ကလေးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁၀၄၇ စင်တီမီတာ၊ စိုးရိမ်ရေအမှတ် အောက် ၁.၄  ပေတွင် ရောက်ရှိနေ ဆက်လက်ကျဆင်းလျက်ရှိပြီး ဂန့်ဂေါမြို့တွင် မိုးရွာသွန်းမှု အနေဖြင့် ၀.၁၈ လက်မရှိသောကြောင့် မြစ်ရေကျဆင်းမှုနှေးလျက်ရှိ ညနေပိုင်းတွင် ထပ်မံဆင်းသွားနိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)