ကန့်ဘလူ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ညောင်အိုင်၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုဝင်းသန်းက စားသုံးရေးရာ ကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးကြသည်။
ဟောပြောပွဲအပြီးတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များအား ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)