ငပုတောမြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ငပုတော စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့သူမြို့သားများ ဦးဆောင်၍ ငပုတောမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလသီတင်းသုံး ဝါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီးဆရာလေးများအား ယမန်နေ့နံနက်(၇)နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်ဆိမ်းလောင်းလှူပူဇော်ပွဲကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း (၉)ကျောင်း စုစုပေါင်း ဘုန်တော်ကြီးကျောင်း(၁၉)ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများ စုစုပေါင်း အပါး (၁၆၀)တို့ကို ပင့်ဖိတ်၍ ရွှေမြင်တင်ဘုရား ရင်ပြင်တော်ပေါ်၌ စုရပ်ပြုလုပ်ပြီး ငပုတောမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ယုဇနလမ်း၊ ပိဆောက်ရွှေဝါလမ်း၊ မဉ္ဇူလမ်း၊ ယင်းမာလမ်းနှင့် မဂ္ဂင်လမ်းမကြီးတစ်လျှောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)