မြို့သစ် စက်တင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ရတနာခန်းမ)၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဖွင့်ပွဲတွင်မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးသင်တန်းတွင် နည်းပြများမှ သန်းခေါင်စာရင်း အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းများ၊ သင်တန်းမှ ဆွေးနွေးပို့ချချက်များကို မိမိတို့၏ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ မြေပြင်အခြေအနေများနှင့် ကိုက်ညီမှုရှိအောင် အပြန်အလှန် ဆွေးနွေးကြဖို့လိုအပ်ကြောင်း၊ မြေပြင်ကွင်းဆင်းပြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူသည့် အခါသင်တန်းမှ သင်ကြားပို့ချပေးလိုက်သော သန်းခေါင်စာရင်း မေးခွန်းအကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ကောက်ယူဖို့လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို နည်းပြဆရာ/ဆရာမ (၆) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၁၀၈) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၀) ရက်သင်ကြား ဆွေးနွေးပေးသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များသင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)