ဟုမ္မလင်း စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) (ပစ်ခတ်စဉ်မပါ)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ထပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး မြတ်မင်းသန့်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊၊ သင်တန်းနည်းပြများနှင့် နောင်ပကျစ်ရပ်ကွက်၊ ဟုမ္မလင်းရပ်ကွက်၊ ခိုပဲဝရပ်ကွက်တို့မှ သင်တန်းသား(၅၀)ဦး၊ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၂)ပတ်ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)