ပန်းတနော် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွား လာစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ စဥ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ အ.လ.က (ခွဲ)ဆယ့်နှစ်ရွာကျောင်းမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အပတ်စဥ် လစဥ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူအောင်(ပြန်/ဆက်)