ကန်ကြီးထောင့်မြို့နယ်တွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကန်ကြီးထောင့် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများမှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယနေ့နံနက်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးကြည်၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင် (၁၀+၃၀)ဦးနှင့် မိသားစုရဲမေ(၂၀)ဦးတို့က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအတွင်းနှင့် အပြင်ဘက်ရှိ ချုံနွယ်ပိတ်ပေါင်များ၊ မြက်နှင့် အမှိုက်သရိုက်များအား ပေါက်တူးများ၊ ဓာများ၊ ဂေါ်ပြာများနှင့် မြက်ဖြတ်စက်များ စသည်တို့ဖြင့် ရှင်းလင်းခြင်းနှင့် စာသင်ခန်းများအား သန်ရှင်းရေးအတွက် အမှိုက်သရိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)