အုတ်ဖိုမြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

အုတ်ဖို စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အ.ထ.က အုတ်ဖို ဧရာခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်စုဟန်က ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ