စစ်ကိုင်းမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၁၆

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က ကမ္ဘာ့အိုဇုန်း လွှာနေ့ဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာ၏ အရေးပါပုံ၊ အိုဇုန်းလွှာပြောင်းလဲလာမှုအခြေအနေများ၊ နှစ်စဉ်အိုဇုန်းအပေါက်အကျယ်နှင့် ပြောင်းလဲလာမှုအခြေအနေများ၊ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ သဘောတူစာချုပ်များနှင့် ပြင်ဆင်ချက်များ၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ အိုဇုန်းလွှာ၏ လူသားများနှင့် ပတ်ဝန်းကျင်အပေါ် အကျိုးပြုပုံ၊ အိုဇုန်းလွှာပျက်စီးပါက ဖြစ်ပေါ်လာနိုင်မည့် သက်ရောက်မှုများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ ပေးပို့လာသော ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသပေးရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)