အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

အောင်လံ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရပ်သာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာရေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအောက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ မူလတန်းထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များ၊ သဘာဝဘေးအန္တရာယ် နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)