ပေါက်ခေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တားဆီးရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းကျင်းပ

ပေါက်ခေါင်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိကြရန်နှင့် သဘာဝဘေးဖြစ်ပွားနေစဉ်နှင့် ဖြစ်‌ပေါ်ပြီးအချိန်များတွင်လည်းဌာနဆိုင်ရာများမှ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ကူညီနိုင်သည့်‌နေရာများမှပူးပေါင်းပါဝင်‌ ဆောင်ရွက်ကြပါရန်၊ မိမိဌာနနှင့် သက်ဆိုင်သည့်လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိရန်တို့ကိုပြောကြားပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)