နတ်မောက် စက်တင်ဘာ ၁၆
မြန်မာနိုင်ငံအတွင်း ရေဘေးသင်ပြည်သူများအား အဝတ်အထည်ပစ္စည်းများကူညီလှူဒါန်းနိုင်ရေး နတ်မောက်မြို့ စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များလူမှုကူညီရေးအသင်းက ဦးဆောင်ကြီးကြပ်၍ မြို့ပေါ်ရှိ ဒေသခံပြည်သူများ အဝတ်အထည်လှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းနိုင်ရန် ယမန်နေ့မှ စတင်၍ အဆိုပါ အသင်းရုံးတွင် အလှူခံဌာနဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့အလှူခံဌာနဖွင့်လှစ်ရာတွင် မြို့ပေါ်ရှိ ဒေသခံပြည်သူများမှ အဝတ်/အထည်၊ ဆန်၊ ဆီ၊ ဆားများလာရောက်လှူဒါန်းကြရာ ပါဝင်လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား ရေဘေးသင့်နေရာများဖြစ်သည့် ရမည်းသင်းမြို့၊ တပ်ကုန်းမြို့တို့ရှိ အလှူခံဌာနများသို့ စက်တင်ဘာလ ၁၇ ရက်နေ့၌ သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များ လှူမှုကူညီရေးအသင်း၏ တာဝန်ရှိသူထံမှ သိရသည်။
လှဝင်း