မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းလှ စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီချိန်က မြိုမဈေးရှေ့နှင့် သရက်တပင်တာဆုံတို့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် မြို့အဝင်သရက်တပင်တာဆုံတွင် ဝင်ထွက်သွားလာကြသည့် ခရီးသွားပြည်သူများ၏ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ စ‌တစ်ကာများ ကပ်နှံပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဝင်များဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ဝန်ထမ်းများ၊ ပြန်/ဆက်၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေး၊ မိခင်နှင့်ကလေးစောက်ရှောင်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ