အထက်မင်းလှ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် (၂) နာရီက ကွက်သစ်ရပ်ကွက်၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းနှင့် ဆရာမများက မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရောဂါကြိုတင်ကာကွယ် နိုင်သောနည်းလမ်းများ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခာဏာများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည်ဟု သံသယရှိလျှင် အချိန်မီကုသမှုမခံယူပါက လျင်မြန်စွာအသက်ဆုံးရှုံးနိုင်သောကြောင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ပြီး ထိရောက်သောကုသမှုခံယူကြရန်တို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)