ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးက ပညာရေးသည် နိုင်ငံနှင့် လူမျိုး၏အသက်ဝိဉာဉ် ဖွံ့ဖြိုးမှုအခြေခံအုတ်မြစ်ဖြစ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုအသစ်ကို အားလုံး လက်တွဲပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ဆရာမများအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာကိုအရင်းခံ၍ ကြိုးစားလေ့ကျင့် သင်ကြားရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးက ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့၏ဘာသာရပ်အလိုက် တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကို ဖလှယ်၍ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေးအတွက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများက မိမိတို့၏ဘာသာရပ်များအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)