ပန်းတနော် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူအဖွဲ့ အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မဏိရတနာ ဘုန်းတော်ကြီးသင်ပညာရေး မူလွန် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပုံပြောပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျော်သူအောင်(ပြန်/ ဆက်)