မင်းဘူးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ

မင်းဘူး စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်အဆင့် သင်တန်းနည်းပြခန့်အပ်လွှာများကို ပေးအပ်ခဲ့ရာ သင်တန်းသား ဦးအေးချိုဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ လူမူရေးအဖွဲ့အစည်းများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပြီး ခရိုင်အဆင့် နည်းပြသင်တန်းကို စက်တင်ဘာ (၃) ရက်မှ (၁၄) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)