မအူပင်မြို့၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကျင်းပ

မအူပင် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုယမန်နေ့နံနက်ပိုင်းက အောင်ဟိတ်ကျေးရွာအုပ်စု၊ ချောင်းဖျားကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်ကျင်းပပြုလုပ်သည်။

အဆိုပါရေဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်မှုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှတာဝန်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အ.မ.က‌ ချောင်းဖျားကြီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအဖွဲ့အစည်းများနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်း၍ မျိုးဆက်သစ်ကျောင်းနေအရွယ်ကလေးများနှင့် လူငယ်များရေဘေးအန္တရာယ်အားသိရှိ၍ ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်မှုလျော့နည်းသက်သာစေရေးအား အသင့်ဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)