သရက်မြို့၌၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်ခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သရက် စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးန်မ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် သန်ခေါင်းစာရင်း ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူဆရာ၊ ဆရာများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းနားတွင် သရက်ခရိုင် သန်ခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် သန်ခေါင်စာရင်း လုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် မူဝါဒချမှတ်ရေးအတွက် အရေးကြီးသည့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ဆက်တည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သရက်ခရိုင်အတွင်း သန်ခေါင်းစာရင်း ကောက်ယူနိုင်သည့် နေရာဒေသများတွင် မထပ်မကျန် ကောက်ယူသွားရမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းသန်းလှိုင်က နိုင်ငံတော်အတွက် စီမံကိန်းရေးဆွဲရာတွင် အသုံးဝင်မှာ ဖြစ်သည့်အတွက် စာရင်းမှန်ကန်စေရေး အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားပေးခဲ့သည်။

ထို့နောက် သင်တန်းသား/သင်တန်းသူ(၃၂)ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(ပြန်/ဆက်)