ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သီတာအောင်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ရမည့်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦးက သန်းခေါင်စာရင်းကောက်ကွက် မြေပုံဖွဲ့စည်းမှု၊ ကောက်ယူရမည့်စနစ်များအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာရင်းစစ်/ စာရင်းကောက် မြို့နယ်အဆင့် သင်တန်းနည်းပြခန့်အပ်လွှာများ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာ ပညာပေး TV Spots ထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါသင်တန်းအား ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ အ-ထ-က (၃) ကျောင်း၌ ၃.၉.၂၀၂၄ မှ ၁၄.၉.၂၀၂၄ ရက်နေ့ထိ (၁၂) ရက်တိုင်တိုင် နည်းပြဆရာ (၃) ဦးမှ သင်တန်းသား/သူ (၃၃) ဦးတို့အား သင်ကြားပို့ချခဲ့ကြောင်းနှင့် အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ၊ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)